ယူနန်ပြည်နယ် Ruili Airlines ကူမင်း-ဖနွမ်းပင် လေကြောင်းလိုင်းသစ်ပြေးဆွဲ

云南瑞丽航空新开“昆明—金边”航线

2018-08-21

  (၁၃)ရက်နေ့ (၆း၂၀)နာရီတွင် အမှတ်(B6109)ဘိုအင်း(737-700)ခရီးသည်တင်လေယာဉ်သည် တရုတ်နိုင်ငံ ကူမင်း ချန်ရွှေနိုင်ငံတကာလေဆိပ်မှ အဆင်ပြေချောမွေ့စွာစတင်ပြေးဆွဲပျံသန်းနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။ (၂)နာရီ ခန့် ပျံသန်းပြီးနောက် ကမ္ဘောဒီယားဒေသစံတော်ချိန် (၇း၅၅)နာရီတွင် ကမ္ဘောဒီးယားနိုင်ငံမြို့တော် ဖနွမ်းပင် နိုင်ငံ တကာလေဆိပ်သို့ ဆိုက်ရောက်ဆင်းသက်နိုင်ခဲ့ပါသည်။ ဤသည်မှာ Ruili Airlines မှ ကူမင်း-ဖနွမ်းပင် လေကြောင်းလိုင်းသစ် အဆင်ပြေ စွာ ပျံသန်းပြေးဆွဲနိုင်ပြီကို ဖော်ပြနေခြင်းပင်ပါသည်။ ၄င်းသည် Ruili Airlines မှ ၂၀၁၈ ခုနှစ်တွင် ဖွင့်လှစ်လိုက်သော စတုတ္ထမြောက်နိုင်ငံတကာ လေကြောင်းလိုင်းဖြစ်ပြီး ကမ္ဘောဒီးယားနိုင်ငံတွင် ဖွင့် လှစ်သော ဒုတိယမြောက် လေကြောင်းလိုင်းဖြစ်ကြောင်း သိရပါ သည်။

  ယင်းနေ့တွင် ဖနွမ်းပင်နိုင်ငံတကာလေဆိပ်ဝန်ထမ်းများသည် ပထမဆုံးခရီးသည်များကို လတ်ဆတ်သော ပန်း စည်းများဖြင့်ကြိုဆိုခဲ့ကြကာ လေဆိပ်တွင် ကမ္ဘောဒီးယားနိုင်ငံ၏ ရိုးရာအကဖြင့် အဝေးမှလာသောဧည့်သည်များကို ကြိုဆိုခဲ့ကြပါသည်။ ကူမင်း-ဖနွမ်းပင် လေကြောင်းလိုင်းပြေးဆွဲရက်မှာ ဗုဒ္ဓဟူး၊ ကြာသပတေး၊ တနင်္ဂနွေနေ့များ ဖြစ် ကြောင်း သိရပါသည်။

  လက်ရှိ Ruili Airlines ၏ ပြည်တွင်းလေကြောင်းလိုင်းမှာ (၅၁)လိုင်းရှိပြီး နိုင်ငံတကာလေကြောင်းလိုင်း(၄) လိုင်းရှိပါသည်။ နေ့စဉ် လေကြောင်းခရီးစဉ်ပေါင်း(၈၈)ကြိမ်ပျံသန်းလျက်ရှိကာ ပြည်တွင်းပြည်ပလေကြောင်း ခရီးသွား လာနိုင်သော မြို့ပေါင်း(၃၂)မြို့ကို ပျံသန်းနေပါသည်။ ထိုအနက် ကမ္ဘာဒီးယားနိုင်ငံ ဖနွမ်းပင်မြို့၊ Sihanoukville ဆိပ် ကမ်းနှင့် ထိုင်း ချင်းမိုင်၊ Chiang Rai မြို့များပါဝင်ကြောင်း သိရပါသည်။

Top