China Pacific Property Insurance Co.,Ltd တက်ဟုန်းရုံးခွဲမှ မြန်မာကုန်တင်ယာဉ်များအတွက် ကာလတိုအာမခံလုပ်ငန်း စတင်

德宏太平洋产险启动缅甸入境营运车辆短期交强险业务

2017-08-29

  မကြာသေးမီရက်ပိုင်းက China Pacific Property Insurance Co.,Ltd တက်ဟုန်းရုံးခွဲသည် ရွှေလီနိုင်ငံတော်အဆင့် ဆိပ်ကမ်းဂိတ်စခန်း၏ ခွင့်ပြုချက်ဖြင့် မြန်မာနိုင်ငံမှ နယ်စပ်ဂိတ်မှ ဝင်ရောက်သော ကုန် တင်ယာဉ်များ ကာလတို အာမခံလုပ်ငန်းကို တရားဝင်လုပ်ဆောင်ခွင့်ရရှိခဲ့ကြောင်း သိရပါသည်။ အဆိုပါလုပ်ငန်း၏ တာဝန်ယူအာမခံရသည်မှာ အိမ်နီးချင်းမြန်မာနိုင်ငံ၏ လတ်ဆတ်သော စားသောက်ကုန်တင်ပို့သည့် ကုန် တင်ယာဉ် များ ဖြစ်ပြီး ရွှေလီနယ်စပ်ဂိတ်မှတစ်ဆင့် ယာယီဝင်ရောက်သည့်ကာလတွင် တရုတ်နိုင်ငံ ဥပဒေနှင့်အညီ သတ် မှတ်ထားသော မော်တော်ယာဉ်အာမခံ မဆောင်မနေရ လျှောက်ထားရမည်ဖြစ်ကာ အာမခံသက်တမ်းကာလမှာ ပုံမှန်အားဖြင့် (၁)ပတ်သာ ဖြစ်ကြောင်း သိရပါသည်။

  www.sinoins.com မှကောက်နုတ်ဖော်ပြသည်။

Top