Raspberry ထုတ်လုပ်မှုလုပ်ငန်း ဈေးကွက်အလားအလာကျယ်ပြန့်

树莓产业化市场前景广阔

2018-01-04

  တရုတ်နိုင်ငံ ဟေးလုံကျန်းပြည်နယ်သည် တရုတ်နိုင်ငံ၏ စိုက်ပျိုးရေးလုပ်ငန်းပြည်နယ်ကြီးဖြစ်သည့်အပြင် ယခု အခါ နိုင်ငံတော်၏ စိုက်ပျိုးရေးလုပ်ငန်းသည် ပုံစံပြောင်းလဲခြင်းနှင့် ဖွဲ့စည်းပုံချိန်ညှိခြင်းဟူသော စိန်ခေါ်မှုများဖြင့် ကြုံတွေ့နေရပါသည်။ ထို့ကြောင့် လက်ရှိတွင် ဒေသအများအပြား၌ နည်းလမ်းမျိုးစုံဖြင့် ဖွံ့ဖြိုးတိုးတက်မှုနည်းလမ်းများ ကို ရှာဖွေစဉ်းစား ပြောင်းလဲလုပ်ဆောင်လျက်ရှိပါသည်။ ဟေးလုံကျန်းပြည်နယ်တွင် သေးငယ်သော Raspberry စိုက်ပျိုးမှုဖြင့် ပြောင်းလဲခဲ့သည်။ ဟေးလုံကျန်းပြည်နယ် ကြားမုစီးမြို့တွင် ဒေသခံအစိုးရမှ Red Raspberry စိုက်ပျိုးရန် ဒေသအလိုက် အအေးသိုလှောင်ခန်း (၅)ခုတည်ဆောက်ရန် စီစဉ်ခဲ့ပြီး လက်ရှိ အအေးသိုလှောင်ခန်း(၅)ခုမှာ ဆောက် လုပ်ပြီးစီးပြီဖြစ်သောကြောင့် Red Raspberryအသီးမှာ ချမ်းသာကြွယ်ဝစေနိုင်မည့် သစ်သီးတစ်မျိုးဖြစ်ကြောင်း ပင် ပြောဆိုနိုင်ပေတော့မည် ဖြစ်သည်။

  တရုတ်နိုင်ငံ ဟားအယ်ပင်းဆေးတက္ကသိုလ်၊ ဟားအယ်ပင်းဆေးတက္ကသိုလ် အမှတ်(၄)ဆေးရုံ လက်ထောက် ဆေးရုံအုပ်ကြီး ပါမောက္ခလျုံမင်ဦးဆောင်သော သုတေသနအဖွဲ့သည် ကာလရှည်ကြာ စမ်းသပ်စစ်ဆေးမှုများပြုလုပ် ပြီးနောက် ဟေးလုံကျန်းပြည်နယ် ဧရိယာကြီးမားသော Red Raspberry ခြံတွင် အသည်းကင်ဆာကြိုတင် ကာကွယ်ပေးနိုင်မည့် အကျိုးသက်ရောက်မှုရှိသည့်နည်းလမ်းကို ရှာဖွေတွေ့ရှိခဲ့ပါသည်။ ၎င်းတို့၏ ပထမအဆင့် အသည်းကင်ဆာ ကာကွယ်ပေးနိုင်သော Raspberry၏ ထုတ်ယူနည်းမှာ ဆေးပညာပိုင်းဆိုင်ရာ မူပိုင်ခွင့်ကိုရ ရှိခဲ့ကြောင်း သိရပါသည်။

  Red Raspberry ပျိုးပင်ပေါက် တစ်ပင်ဈေးနှုန်းမှာ တရုတ်ယွမ်ငွေ(၃.၅)ယွမ်ဖြစ်ပြီး တစ်မိုလျှင် အပင်ပေါင်း(၆၀၀) ခန့်စိုက်ပျိုးနိုင်သည်။ စိုက်ပျိုးပြီး သုံးနှစ်အကြာတွင် တစ်မိုထုတ်လုပ်မှုတန်ဖိုးမှာ တရုတ်ယွမ်ငွေ(၈၀၀၀)ခန့်အထိ ရှိကာ တစ်မိုလျှင် အသားတင်အမြတ်ငွေ တရုတ်ယွမ်ငွေ(၄၀၀၀)ခန့်အထိ ရရှိစေနိုင်ပါသည်။ ထို့ကြောင့် Red Raspberry ထုတ်လုပ်မှုလုပ်ငန်းအလားအလာ ကျယ်ပြန့်ပြီး ကြွယ်ဝချမ်းသာစေနိုင်သော စီးပွားရေးအခွင့်အလမ်း တစ်ခုဖြစ်လာ နိုင်ကြောင်း သိရပါသည်။

  www.1nongjing.com မှကောက်နုတ်ဖော်ပြသည်။

Top