2017-11-04
အာဆီယံထူထောင်မှု နှစ်(၅၀)ပြည့်နှစ်တွင် စီးပွားရေးနှင့်လူမှုရေးဖွံ့ဖြိုးတိုးတက်မှု၊ ထုတ်လုပ်မှုလုပ်ငန်းဖွံ့ဖြိုး တိုး တက်မှုများ အားကောင်းလာပြီး နိုင်ငံရေးမှာလည်း တည်ငြိမ်လာကြောင်း အမေရိကန် Bloomberg သတင်းဌာနမှ သြ ဂုတ်လ၊ ၇ ရက်နေ့က ထုတ်ပြန်ချက်အရ သိရှိရပါသည်။
အာဆီယံ အဖွဲ့ဝင်နိုင်ငံပေါင်း(၁၀)နိုင်ငံသည် တစ်ကမ္ဘာလုံးဖွံ့ဖြိုးတိုးတက်မှုအမြန်ဆုံးသော စီးပွားရေးအသိုက် အ ဝန်း ဖြစ်ပါသည်။ ဥပမာ- ဖိလစ်ပိုင်နှင့် ဗီယက်နမ်နိုင်ငံတို့၏ ဖွံ့ဖြိုးတိုးတက်နှုန်းမှာ ၆% ရှိပါသည်။ အာဆီယံနိုင်ငံများ ၏ စုစုပေါင်းလူဦးရေမှာ (၆၂၀)သန်းရှိပြီး စီးပွားရေးစုစုပေါင်းပမာဏမှာ အမေရိကန်ဒေါ်လာ (၂၆၀၀)ဘီလီယံ(တရုတ် ယွမ်ငွေ (၁၇၄၇)ဘီလီယံခန့်ရှိကာ ရင်းနှီးမြှုပ်နှံမှုအလားအလာ ကြီးမားကောင်းမွန်ကြောင်း သိရပါသည်။
ကမ္ဘာ့စီးပွားရေးဖိုရမ်၏ ခန့်မှန်းချက်များအရ ၂၀၂၀ ခုနှစ်တွင် အာဆီယံနိုင်ငံများမှာ ကမ္ဘာ့ပဉ္စမအကြီးဆုံးသော စီး ပွားရေးအသိုက်အဝန်းဖြစ်လာမည်ဖြစ်သည်။ သို့သော် စီးပွားရေးတစ်စုတစ်စည်းတည်းဖြစ်လာစေရန်အတွက် အချိန်အ များအပြားလိုအပ်ပါသည်။ အစောပိုင်းကာလက အာဆီယံနိုင်ငံမှ ဘုံအသိုက်အဝန်းထူထောင်သွားမည့် အစီအစဉ် ရေးဆွဲထားခဲ့ရာ ၂၀၁၅ ခုနှစ် နှစ်ကုန်ပိုင်းတွင် ကုန်သွယ်ရေးအတားအဆီးများကို ဖယ်ရှားနိုင်ခဲ့ပြီး တစ်ခုတည်း သော ဈေးကွက်ထူထောင်နိုင်ခဲ့ကာ ကုန်စည်၊ ဝန်ဆောင်မှုနှင့် လုပ်အားများကို လွတ်လပ်စွာ စီးဆင်းနိုင်ရန်အတွက် လုပ် ဆောင်နိုင်ခဲ့ပါသည်။ မည်သို့ဆိုစေ ကုန်သွယ်ရေးကဏ္ဍတွင် တားဆီးကန့်သတ်မှုများ ဆက်လက်ဖြစ်ပေါ်နေ လျက် ရှိကြောင်း သိရပါသည်။
www.bloomberg.com မှ ကောက်နုတ်ဖော်ပြသည်။