တရုတ်နိုင်ငံ၏ သစ်သီးစားသုံးမှု ခေတ်ရေစီးကြောင်း

中国水果消费的新动向

2017-11-30

  ယခုလက်ရှိအခြေအနေတွင် တရုတ်နိုင်ငံ၏ သစ်သီးစားသုံးမှုခေတ်ရေစီးကြောင်းသည် အောက်ပါ အတိုင်း ဖြစ်တည်နေလျက်ရှိသည်။

  ၁။ သစ်သီးအမျိုးအစား၊ မျိုးစိတ်များကွဲပြား

  သစ်သီးဈေးကွက်အခြေအနေအရ ရှင်းကျန်းသခွားမွှေး၊ ဖူကျန်ကျွဲကောသီး၊ ကျန်းရှီးလိမ္မော်သီး၊ စီချွမ်းနှင့်ယူနန်မှ သလဲသီး၊ ရှင်းကျန်းသစ်တော်သီးစသည်တို့သည် စားသုံးသူအများ ကြိုက်နှစ်သက်သည့် အသီးများဖြစ်သည်။ အမြဲ မြင်တွေ့နေရသော သာမန်သစ်သီးများဖြစ်သည့် ငှက်ပျောသီး၊ ပန်းသီး၊ ကဗ္ဗလာလိမ္မော်၊ ရိုးရိုးမက်မွန်သီးတို့မှာမူ ဝယ် ယူအားမကောင်းလှကြောင်း သိရသည်။

  ၂။ ထူးခြားဆန်းပြားသောသစ်သီးများ လူကြိုက်များလာ

  ထူးခြားဆန်းပြားသောသစ်သီးများတွင် နဂါးမောက်သီး၊ တောင်အာဖရိကလိမ္မော်သီး၊ တောင်အာဖရိကထောပတ် သီးစသည်တို့မှာ စားသုံးသူအကြိုက်ဖြစ်ခဲ့သည်။ အထူးသဖြင့် သေးငယ်သောထုပ်ပိုးမှု လက်ဆောင်ဘူးများ၊ သေတ္တာ ထဲတွင်ထည့်သွင်းထားနိုင်သောသစ်သီးများမှာ ထုပ်ပိုးမှုလှပသောကြောင့် ပွဲတော်ရက်များ၏လက်ဆောင်ပေးရန် အ ကောင်းဆုံးရွေးချယ်သည့်ပစ္စည်းများဖြစ်လာခဲ့သောကြောင့် မကြာမီကာလက ရောင်းအားအလွန်ကောင်းခဲ့သည်။

  ၃။ ထုပ်ပိုးလက်ဆောင်ဘူးများအား ခေတ်နှင့်အညီ လိုက်လျောညီထွေစွာ ထုပ်ပိုးလာ

  လက်ဆောင်ဘူးတစ်ခုတည်းတွင် မတူညီသောသစ်သီးဝလံများ ပေါင်းစပ်ထုပ်ပိုးခြင်းသည် ယနေ့ခေတ်အခါတွင် ခေတ်စားလျက်ရှိပြီး ပွဲတော်နေ့ရက်များ၏ လက်ဆောင်ပစ္စည်းများအဖြစ် လူကြိုက်များခဲ့သည်။

  ၄။ ပြည်ပတင်သွင်းသစ်သီးများပိုမိုလူကြိုက်များလာ ဈေးနှုန်းများပိုမိုသင့်လျော်လာ

  ယခုနှစ်ပိုင်းများတွင် ပြည်ပမှ တင်သွင်းသော သစ်သီးအမျိုးအစားနှင့်ပမာဏ တိုးများလာပြီး စားသုံးသူကြိုက် နှစ်သက်မှုပေါများလာကာ တင်သွင်းသစ်သီး၏ ဈေးနှုန်းများမှာလည်း တစ်ဖြည်းဖြည်းကျဆင်းလာလျက်ရှိကြောင်း သိရ သည်။

  www.ynxj100.com မှ ကောက်နုတ်ဖော်ပြသည်။

Top