မြန်မာနိုင်ငံ ဥရောပအာရှကုမ္ပဏီအုပ်စုမှ ရွှေလီမြို့သို့ သွားရောက်လေ့လာ ရွှေလီမြို့၌် စက်မှုဥယျာဉ်တည်ဆောက်ရန် ရည်မှန်း

缅甸欧亚集团到瑞丽考察 意向在瑞设厂建园

2018-02-03

  မကြာမီရက်ပိုင်းက မြန်မာနိုင်ငံ ဥရောပအာရှကုမ္ပဏီအုပ်စုသည် ရွှေလီမြို့သို့သွားရောက်လေ့လာခဲ့ပြီး များ ရွှေလီမြို့၌ စားသောက်ကုန်စက်မှုဥယျာဉ်တည်ဆောက်ရန်အတွက် လေ့လာကြည်ရှုမှုများပြုလုပ်ခဲ့ကြောင်း သိရပါ သည်။

  လေ့လာဆွေးနွေးပြီးနောက် ရွှေလီမြို့နှင့် ဥရောပအာရှကုမ္ပဏီအုပ်စုတို့မှ ရွှေလီမြို့ဝမ်တင်း မံပန့်ဒေသတွင် စားသောက်ကုန်စက်မှုလုပ်ငန်းဥယျာဉ်ဇုန်တည်ဆောက်ရန် ပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက်များရရှိခဲ့ကြောင်း သိရှိရပါသည်။ ဥရောပအာရှအုပ်စုမှ ဥယျာဉ်ဇုန်အတွင်းဝင်ရောက်ကာ စက်ရုံများဆောက်လုပ်ပြီးသည်နှင့် တစ်ပြိုင်နက် ကုန်ကြမ်းနှင့်ဈေးကွက်ကို တရုတ်-မြန်မာနှစ်နိုင်ငံကို လွှမ်းမိုးသော မြန်မာနိုင်ငံလုပ်ငန်းများကို ဝင်ရောက်စေကာ နှစ်ဖက်ကုန်သွယ်မှုကို ထပ်တစ်ဆင့်ပိုမိုမြှင့်တင်သွားမည့်အပြင် အကျိုးတူပူးပေါင်းဆောင်ရွက်မှုများလည်း အကောင် အထည်ဖော်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

  ထို့အပြင် ရွှေလီမြို့နှင့် ဥရောပအာရှအုပ်စုတို့မှ မြန်မာနိုင်ငံတွင် ပြည်ပစက်မှုဥယျာဉ်ဇုန်ကိုလည်း ပူးပေါင်း တည် ဆောက်ရန်၊ တရုတ်နိုင်ငံမှလုပ်ငန်းများ မြန်မာနိုင်ငံတွင် စက်ရုံတည်ဆောက်ရန် ဆွဲဆောင်ခြင်း၊ လယ်ယာ ထွက်ကုန် ချောထုတ်လုပ်မည့်လုပ်ငန်းတည်ထောင်ရန်အတွက်လည်း ဆွေးနွေးခဲ့ကြကြောင်း သိရပါသည်။

  m.ruili.gov.cn မှကောက်နုတ်ဖော်ပြသည်။

Top